DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၇-၅-၂၀၂၄   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၁၀  ရက်နေ့
မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉)၊၂၀၁၈  

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က)    ယနေ့မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “တစ်လီ”

(TITLI)သည် ပိုမိုအားကောင်းလာကာ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “တစ်လီ”(TITLI)

အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ၏ တောင်-အရှေ့တောင်ဘက်

မိုင်(၂၀၀)ခန့်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ၏ အရှေ့တောင်ဘက် မိုင်(၁၇၀)ခန့်

အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ)    အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီ

အချိန်တွင် မြောက်လတ္တီကျု (၁၆.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟို

ချက်လေဖိအား (၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)နှုန်း

ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့

ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very

Severe Cyclonic Storm) “တစ်လီ”(TITLI) အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။
 
သတိပေးနှိုးဆော်ချက်       
(က)     အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် နောက်(၄၈)နာရီ အတွင်း

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်

ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား

မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 (ခ)    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ

မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ် ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။