အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၀/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့
တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင် ပိုင်းတို့တွင် ဖြစ်
ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဖန်နီ"(FANI)သည်
သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee)၏ အရှေ့- အရှေ့မြောက်ဘက် မိုင်(၃၃၀)ခန့်၊ အိန္ဒိယ
နိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင် ဘက် မိုင်(၃၆၀)ခန့်၊ မာချီလီပတ္တနမ်မြို့
(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၄၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အနောက်မြောက်ဘက်
သို့ ဆက်လက်ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။
(ခ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့
ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန်
တွင် မြောက်လတ္တီကျု(၁၁.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၁)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား
(၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)နှုန်း ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် နောက်(၁၂)နာရီအတွင်း အားအလွန်
ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့လည်း
ကောင်း၊ နောက်(၃၆)နာရီအတွင်း အလွန်အမင်းအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Extremely
Severe Cyclonic Storm) "ဖန်နီ"(FANI)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့
လျားပြီး၊ နောက်(၄၈)နာရီအတွင်း မြောက်- အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ အိန္ဒိနိုင်ငံ၊ ဩရိဿကမ်း
ခြေဆီသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)၏ အရှိန်ကြောင့် ယနေ့နံနက်မှ
နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေ
သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်
နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်း
များကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်
(၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း
လွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
(က) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ အရှိန်ကြောင့် ပြည်တွင်း လေ
ကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး
ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

