DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၀-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ လည်းကောင်း  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

အားကောင်းသောမုန်တိုင်းငယ်သတင်း(၃၁.၇.၂၀၁၅)

အားကောင်းသော မုန်တိုင်းငယ်သတင်း

(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၆)၊၂၀၁၅

အားကောင်းသော မုန်တိုင်းငယ်အ‌ခြေအနေ

(က)ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင်ဖြစ်ပေါ်နေ

သည့်အားကောင်းသောမုန်တိုင်းငယ်သည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားလျက်ရှိပြီးယနေ့

မွန်းလွဲမှနောက်(၁၂)နာရီအတွင်းတဖြည်းဖြည်းအားပျော့သွားမည်ဖြစ်ပါသည်။

(ခ)မုန်တိုင်းငယ်၏အကြွင်းအကျန်တိမ်တိုက်များကြောင့်မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်

တို့တွင်ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်း

ဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

(ဂ)ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်း

နေပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများ

ကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)အထိ

တိုက်ခတ်နိုင်ပါသည်။

(ဃ)ယခုသတင်းသည်အားကောင်းသောမုန်တိုင်းငယ်အတွက်ထုတ်ပြန်ပေးသည့်နောက်ဆုံးသတင်းဖြစ်ပါသည်။