DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဖေဖော်ဝါရီလပတ်အတွက် မိုးလေဝသခန့်မှန်းချက် (၂၈.၁.၂၀၁၅)

၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ လပတ်အတွက်

မိုးလေဝသခန့်မှန်းချက်

(၂၈- ၁-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနိုင်ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်

ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာရက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်

တို့တွင်(၄)ရက်မှ(၆)ရက်ခန့်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂)ရက်မှ(၃)ရက်ခန့်နေရာကွက်ကျားမိုး

အနည်းငယ်ရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်

ပါသည်။

ညအပူချိန်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုနိုင်ပြီး၊

ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့အောက်

အနည်းငယ်လျော့နည်းနိုင်ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်

ခန့်သာရှိနိုင်ပါသည်။

မြူ အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်(၁၅)ရက်မှ

(၁၈)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၁၀)ရက်မှ(၁၄)ရက်ခန့်နံနက်ပိုင်းတွင်မြူ ထူများ

ဆိုင်းနိုင်ပါသည်။