DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၁-၅-၂၀၂၅:   ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

၁၀ရက်ပတ်ဇလဗေဒခန့်မှန်းချက်

၂၀၁၅ခုနှစ်ဇွန်လတတိယ(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၁၈-၆-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၆)ပေမှ (၈)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့်အောင်လံမြို့တို့တွင် (၅)ပေမှ (၆) ပေခန့် ၊  ပြည်မြို့၊  ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  (၃)ပေခွဲမှ (၅)ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်ပါသည်။

 

 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၅)ပေမှ (၇)ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၃)ပေမှ (၄)ပေခန့် လက်ရှိရေမှတ်များ‌၏ အထက်မြင့်တက်လာနိုင်ပါသည်။

  •