DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ခုနှစ်၊ သြဂုတ်လ ဒုတိယ(၁၀)ရက်ပတ် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
(၈-၈-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် သြဂုတ်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၃-ပေမှ ၄-ပေခန့်နှင့်  ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံ မြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပါ သည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ်လ ဒုတိယ(၁၀)ရက်ပတ်အတွင်းခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင် မြို့တို့တွင် ၆-ပေမှ ၈-ပေခန့် နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေမှ ၅-ပေခန့် မြင့်တက်လာနိုင်ပါသည်။