DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၉-၁-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၈၃၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့တောင်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေကို ထရီကိုမာလီမြို့(Trincomalee)နှင့် ဂျက်ဖ်နာမြို့(Jaffna)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ် ဇူလိုင်လ၊ဒုတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၈-၇-၂၀၁၇ ရက်နေ့ထုတ်ပြန်သည်) 

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း  မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊  မန္တလေးမြို့၊စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄-ပေမှ ၇-ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့် မြင့်တက်လာ နိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း  ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ပါသည်။