DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၀-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၁၀)ရက်ပတ် မိုးလေဝသခန့်မှန်းချက် (၂၈.၁.၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ(၁၀)ရက်ပတ်အတွက်

မိုးလေဝသခန့်မှန်းချက်

(၂၈- ၁-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနိုင်ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်

ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာရက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်

တို့တွင်(၃)ရက်မှ(၄)ရက်ခန့်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂)ရက်ခန့်နေရာကွက်ကျားမိုးအနည်းငယ်

ရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

ညအပူချိန်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုနိုင်ပြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့အောက်အနည်းငယ်

လျော့နည်းနိုင်ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ

ရှိနိုင်ပါသည်။

မြူ အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်(၅)ရက်မှ

(၇)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၄)ရက်ခန့်နံနက်ပိုင်းတွင်မြူ ထူများဆိုင်းနိုင်ပါသည်။