DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်း ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျား ခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

၁၀ရက်အတွက်ဇလဗေဒအခြေအနေခန့်မှန်းချက် ( ၁၅.၇.၂၀၁၄ )

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ တို့တွင် ၄-ပေ မှ ၆-ပေခန် နှင့် ပခုက္ကူမြို့၊ ‌ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့ ၊အောင်လံမြို့၊ ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၃-ပေခန့် လက်ရှှိ‌ရေမှတ်များ၏ အထက် မြင့်တက်လာ နိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ၆-ပေမှ ၈-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့ တို့တွင် ၄-ပေ မှ ၆-ပေခန့် လက်ရှိရေမှတ်များ‌၏ အထက် မြင့်တက်လာနိုင်ပါသည်။