DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

(၁၇-၄-၂၀၂၆) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

(၁၀)ရက်ပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၁၁-၂-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁​ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ လက်မခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၁ ပေခွဲခန့်နှင့်  မဒေါက်မြို့တွင် ၃ လက်မခန့်၊ ရွှေကျင်မြစ်ရေ သည် ရွှေကျင်မြို့တွင် ၃ လက်မခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ လက်မခန့်၊  ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။