DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်ဘက် ရေမိုင် ၅၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ တောင်-အရှေ့တောင်ဘက်‌ ရေမိုင် ၁၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။  အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ နောက် ၂၄ နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ ဇွန်လဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၁၁-၆-၂၀၂၁ရက်နေ့ ထုတ်ပြန်သည်)

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ()ပေမှ (၈)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ()ပေမှ ()ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ()ပေမှ ()ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါ သည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် ကလေး၀မြို့တို့တွင် (၅)ပေမှ ()ပေခန့်၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၃)ပေမှ ()ပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၃)ပေခန့်၊ဒုဋ္ဌဝတီမြစ်ရေသည်သီပေါမြို့၊ ရွှေစာရံနှင့်မြစ်ငယ်မြို့တို့တွင် (၁)ပေမှ(၄)ပေခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၂)ပေမှ (၃)ပေခွဲခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၁)ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့ နှင့် ပဲခူးမြို့တို့တွင်(၁)ပေမှ (၂)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၂)ပေခွဲခန့်၊တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင်(၆)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၄)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။