DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၇-၂၀၂၄:  ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

(၁၀)ရက်ပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွက်

မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၂၁-၁-၂၀၂၂ ရက်နေ့ ထုတ်ပြန်သည်)

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြိုနှင့် ကသာမြိုတို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာ နိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ပါသည်။

.မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ လေးမြို့မြစ် ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။