DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်  ဖြစ်ထွန်းနေပါသည်။

 

 

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။   မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲအောက်လျော့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

၃။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၄) ရက်မှ (၆)ရက် ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။