DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၈-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

၂၀၂၀ပြည့်နှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၀ပြည့်နှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်

 မိုးနှောင်းကာလသတ်မှတ်ခြင်း

၁။      ၂၀၂၀ပြည့်နှစ်၊ မိုးနှောင်းကာလသည် စက်တင်ဘာလ (၁)ရက်နေ့

(မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁၄) ရက်နေ့)မှစ၍ မြန်မာ

နိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ

ဖြစ်ပါသည်။

မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ

၂။       အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါ

အတိုင်း ဆုတ်ခွာသွား ဖွယ်ရာ ရှိပါသည်။

(က)   စက်တင်ဘာလ (၁၃ - ၁၈) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ

များမှ လည်းကောင်း၊

(ခ)     စက်တင်ဘာလ (၁၉ - ၂၄) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ

များမှ လည်းကောင်း၊

(ဂ)    စက်တင်ဘာလ (၂၅ - ၃၀) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ

လည်းကောင်း၊ 

(ဃ)   အောက်တိုဘာလ (၁ - ၆) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ

ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၃။        ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၃)ကြိမ် ဖြစ်ပေါ်

နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ

နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေ သည် ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်

ပါသည်။

မိုးအခြေအနေ

၄။      မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး

တို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ

ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

ရွာသွန်းမြဲ ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။