DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၂၁ ခုနှစ်၊ မေလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မေလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      အနောက်တောင်မုတ်သုံလေသည် မေလ (၁၆ - ၂၁)ရက်နေ့အတွင်း

မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။ ယင်းကာလအတွင်း

အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်

ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်

အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်း

တိုင်းဒေသကြီး (အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊

ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

၃။      စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်

ပြည်နယ်တို့တွင် ()ရက်မှ ()ရက်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်း ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်

တို့တွင် (၄)ရက်မှ ()ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး

(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း

ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရခိုင်ပြည်နယ်

နှင့် ကယားပြည်နယ်တို့တွင်(၁)ရက် မှ (၃)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

နေ့အပူချိန်

၄။      ကချင်ပြည်နယ်နှင့်  စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)တို့တွင် မေလ၏

ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး

(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊

ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် မေလပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက်

ပိုနိုင်ပါသည်။