DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်

ပြီး၊ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါသည်။

အနောက်တောင်မုတ်သုံလေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅ - ၁၉)

ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာရှိ ပါသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်

အတင့်မှ တိမ်ထူ ထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်

အော်တို့တွင် မုတ်သုံလေအားအနည်းငယ် ရှိနိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       မိုးရွာသွန်းမှုအ‌ခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်

ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ရွာသွန်းမြဲအောက်လျော့

နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်း

ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်

ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

၃။      စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း

ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ

ကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့်

မိုးထစ်ချုန်း ရွာနိုင်ပါသည်။