DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၃)ကြိမ် ဖြစ်ပေါ်

နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိ

နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ

(၁၃ - ၁၈) ရက်နေ့အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊

စက်တင်ဘာလ (၁၉ - ၂၄) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ

လည်းကောင်း၊ စက်တင်ဘာလ (၂၅ - ၃၀) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်

ဒေသများမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်

မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲ

ထက်ပိုနိုင်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ

တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။      ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၅)ရက်ခန့်၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊  

ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် (၁၆)ရက်မှ

(၂၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၁၁)ရက်မှ

(၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။