DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၁-၂၀၂၅:   ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”(DITWAH)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Tricomalee)အနီးကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၈၀၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေနှင့် အင်ဒရာ ပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတိုတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       တနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်

တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်

လျော့နည်း နိုင်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ

တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်

တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။      တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၄)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး

(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်

(၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး၊ နေပြည်တော်၊

စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်

ဖြစ်ထွန်းနိုင်ပါသည်။

ညအပူချိန်

၄။      တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

ဖေဖော်ဝါရီလ ပျမ်းမျှ အပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက်

ပိုနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့်

ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီ

ဂရိတ်နှင့်အောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ဖေဖော်ဝါရီ

ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ

၅။      စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း

ဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့်

ကရင်ပြည်နယ်တို့တွင် (၂)ရက်မှ (၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ

ဆိုင်းနိုင်ပါသည်။