DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံ ဖိုရမ်ဆွေးနွေးပွဲ

(၂၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံ ဖိုရမ်ဆွေးနွေးပွဲ

              ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံ ဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီ (၃၀) ရက်နေ့တွင် နေပြည်တော်၊ မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရှိ ဘက်စုံသဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးဗဟိုဌာန (Multi-hazards Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနား တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Project Manager Ms. Pone Nyet Khaing မှ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

             ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ်စား လှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြား ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေးကြိုတင်ကာကွယ်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပပြုလုပ် ခဲ့သည့် (၂၁)ကြိမ်‌မြောက် မုတ်သုံဖိုရမ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ သည့် ၂၀၁၈-၁၉ ခုနှစ်၊ ဆောင်းရာသီ ကာလ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား ပြန်လည် သုံးသပ်ခြင်း၊ ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွက် မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြ ဆွေးနွေးခြင်း၊ ယခင် မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှု အလားအလာ အ‌ခြေအနေအပေါ် အ‌ခြေခံသည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြု သည့် stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာ တွင် နည်းပညာအသုံးချမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရန် မဟာဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာဝဘေး များနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍  အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

               အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်း အဝေးသည် (၂၂) ကြိမ်မြောက်ဖြစ်ပါသည်။