DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်

 (၂၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်း ဘက်စုံ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁ခုနှစ်၊ နိုဝင်ဘာလ (၅) ရက် နေ့တွင် နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရှိ ဘက်စုံသဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးဗဟိုဌာန (Multi-hazards Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်မှ အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Climate Risk Management Specialist, Ms. Carlyne Zanoria Yu မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ် စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြားဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင် ကာကွယ်ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ ပြည်တွင်း/ပြည်ပ ပညာရှင်များ စုစုပေါင်း (၃၅) ဉီးခန့်  တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ၂၀၁ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၂)ကြိမ်‌မြောက် မုတ်သုံဖိုရမ်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား ပြန်လည်သုံးသပ်ခြင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဆောင်းရာသီကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ ယခင်မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြ ဆွေးနွေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှု အလားအလာ အ‌ခြေအနေ အပေါ် အ‌ခြေခံသည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန် သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာတွင် နည်းပညာအသုံးချမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရန် မဟာဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာ၀ဘေးများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍  အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင်မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန် ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂) ကြိမ်မြောက် ဖြစ်ပါသည်။