DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၅) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)

(၂၅) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)         

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်း ဘက်စုံ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက် နေ့တွင် Video Conferencing (Zoom Application) ဖြင့်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဉီးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့ နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ  Director Mr.A.R. Subbiah မှ အမျိုးသားအဆင့်မုတ်သုံဖိုရမ် ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ ကိုယ် စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြားဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင် ကာကွယ်ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၅) ဉီးခန့်  တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၂၅)ကြိမ်‌မြောက် မုတ်သုံဖိုရမ်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ ကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊  ယခင် မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၂၀-၂၀၂ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေး ခြင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှုအလားအလာ‌ခြေအနေအပေါ် အ‌ခြေခံသည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်း ချက်များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန် သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာတွင် နည်းပညာအသုံးချမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရန် မဟာ ဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာ၀ဘေးများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက် ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍  အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန် ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၅) ကြိမ်မြောက်ဖြစ်ပါသည်။