DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၆) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Online Video Conferencing)

 

(၂၆) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Online Video Conferencing)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင် ကာကွယ်ရေးဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂၆)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် Online Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Director Dr A.R Subbiah မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

အဆိုပါ Online Video Conferencing အခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း/ ပြည်ပပညာရှင်များ စုစုပေါင်း (၅၂)ဉီးခန့်  တက်ရောက်ခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်‌မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များအား တင်ပြဆွေးနွေး ခြင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များအား သုံးသပ်တင်ပြခြင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့ အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှုအလားအလာ အ‌ခြေအနေအပေါ် အ‌ခြေခံ သည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များအား ထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး ပိတ်ပွဲ အခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၆)ကြိမ်မြောက်ဖြစ်ပါသည်။