DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၈) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)

 

(၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၈)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မေလ () ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   အဆိုပါ Video Conferencing အခမ်းအနားသို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း (၆၇) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

   ယနေ့ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်‌မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ထုတ်ပြန်ပေးခဲ့သည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက်များအား သုံးသပ်တင်ပြခြင်း၊ အဆိုပါကာလအတွက် စိုက်ပျိုးရေးမိုးလေဝသ အခြေအနေများကို သုံးသပ်တင်ပြခြင်း၊ လာမည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီကာလ (အနောက်တောင် မုတ်သုံရာသီကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်နှင့် လက်ရှိတွင် ဖြစ်ပေါ်နေသော လာနီညာနှင့် လေဖိအားနည်းရပ်ဝန်း အခြေအနေ အား သုံးသပ်တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်းရာသီကာလအတွင်း တွေ့ကြုံခဲ့သော အခြေအနေများကို တင်ပြခြင်း၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးပိတ်ပွဲ အခမ်းအနားတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

   အဆိုပါ မုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် () ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၈)ကြိမ်မြောက်ဖြစ်ပါသည်။