DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၉-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား

      

ရက်စွဲ၊၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်

သတင်းထုတ်ပြန်ချက်
=================

၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) နေ့၌ ကျရောက်သည့် (၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့

အထိမ်းအမှတ်အခမ်းအနားအား နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ်၌

ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊စိုက်ပျိုးရေး၊ေ

မွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ဌာနဆိုင်ရာ

အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က

အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့မိုးလေဝသဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ

ပေးပို့သော သဝဏ်လွှာအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က

ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားဆောင်ပါးပြိုင်ပွဲတွင်

ဆုရရှိသူများအားပြည်ထောင်စုဝန်ကြီးများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြ

သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ

ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့်

ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ပြခန်းများအား လှည့်လည်

ကြည့်ရှုကြပါသည်။
နေ့ခင်းပိုင်းတွင် ဘာသာရပ်ဆိုင်ရာစာတမ်းများအား ဖတ်ကြားဆောင်ရွက်ခဲ့ပါသည်။မြန်မာနိုင်ငံတွင်

ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားအား မတ်လ(၂၃)ရက်နေ့ရောက်တိုင်း နှစ်စဉ် ကျင်းပ

လျက်ရှိရာ ယခု (၂၀၁၉)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ ‘The Sun, The Earth and

The Weather’ဖြစ်ပါသည်။