DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၅-၂၀၂၅:  အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်၊  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

" ထူးခြားမိုးလေဝသအခြေအနေသတင်း"

" ထူးခြားမိုးလေဝသအခြေအနေသတင်း"
  (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်၊ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်)        

                            ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၆/၂၀၁၈)

(က)ယနေ့မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ထိုင်းပင်လယ်

ကွေ့တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)သည် ထိုင်းနိုင်ငံ၊ ပရာချ

ရက်ခိရီခန်မြို့ (Prachuap Khiri Khan)အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ လေဖိအား

နည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ တနင်္သာရီတိုင်း

ဒေသကြီးအား ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်

ဆက်လက်တည်ရှိနေပါသည်။