DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

(၁၃-၄-၂၀၂၆) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။

မိုးကြိုးမုန်တိုင်း (Thunderstorms)

မိုးကြိုးမုန်တိုင်း (Thunderstorms)

မုန်တိုင်းများနှင့်မှတ်ယူမှု လွဲမှားနိုင်ပါသည်။ မိုးကြိုးမုန်တိုင်းသည် မုန်တိုင်းစစ်စစ် မဟုတ်ကြပါ။ သို့ရာတွင် မုန်တိုင်းထက် ပြင်းထန်ပါသည်။ အပူပျံတက်မှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော မိုးလေဝသဖြစ်စဉ် ဖြစ်ပါသည်။ မိုးကြိုး မုန်တိုင်း၏ အထင်ရှားဆုံးလက္ခဏာမှာ လျှပ်စီးပျက်(လက်)ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခြင်းတို့ ဖြစ်ပါသည်။ မိုးရွာသွန်းမှုမှာ အလွန်အမင်းများပြားမှု မရှိသော်လည်း တိုတောင်းသောအချိန် (မိနစ် ၃၀ ခန့်အတွင်း) မိုးရွာပြီး၊ မိုးကြိုး မုန်တိုင်းဖြစ်စဉ် ပြီးသည်နှင့် မိုးတိတ်သွားခြင်းမျိုးဖြစ်ပါသည်။ လူနှင့်တိရစ္ဆာန်တို့ကို မိုးကြို၊ မိုးဦးနှင့် မိုးနှောင်းကာလများ တွင် အန္တရာယ်ပေးသောဖြစ်စဉ် ဖြစ်ပါသည်။