Friday, March 20, 2020 - 10:45
ရေနည်းကာလ မြစ်ရေအခြေအနေသတင်း
(၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၀) ရက် (၁၀:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအထက်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ရေနည်းမည့် အခြေအနေသတင်း
(၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၀) ရက်၊ (၁၀:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၉၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် မတ်လကုန်အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။