DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းသတင်း (၂၉.၇.၂၀၁၅)

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

(၂၉.၇.၂၀၁၅)ရက်နေ့၊ ညနေ(၁၉း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀)၊၂၀၁၅

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့်  အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့အနည်းငယ်ရွေ့လျားခဲ့ပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်-အနောက်မြောက်ဘက်(၃၅)မိုင်ခန့်၊ စစ်တကောင်းမြို့၏အနောက်တောင်ဘက် (၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင်(၇၀)ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်(၁၁၅) မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)     အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၄)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၄၅)မိုင်နှုန်းွဖစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ညနေမှ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ)  အားကောင်းသော မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ်  မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်(၄၅)မိုင်မှ မိုင်(၅၀)အထိတိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ)     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။

(ဃ)    အားကောင်းသောမုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေအထိနှင့် စစ်တွေခရိုင် ကမ်းခြေ ဒေသတွင် (၆)ပေမှ (၈)ပေအထိမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က)    အဆိုပါ  အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

(ခ)   စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ် ပေါ်နိုင်ပါသည်။

အကြံပြုချက်

(က)  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် အကြံပြုအပ်ပါသည်။