DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၇-၄-၂၀၂၆: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် (၂၀.၄.၂၀၁၅)

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

(၂၀၁၅ ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ၊့ မြန်မာစံတော်ချိန် (၁၆း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန်(၁၅း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျား

လာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့် ယနေ့

ညနေမှ နောက်(၅)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ

တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။