ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သတင်း အမှတ်စဉ်(၁၃/၂၀၂၅)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေကို ကာကီနာဒါမြို့တောင်ဘက်မှ ဖြတ်ကျော်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ”(MONTHA)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်ပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ရောက်ရှိခဲ့ကာ ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”(MONTHA) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”သည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော် နိုင်ကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
၂။ ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”(MONTHA)အတွက် ထုတ်ပြန် ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

