DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်း ပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

Daily Weather Forecast (၂၀.၄.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ နံနက် (ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာ

နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်

တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့

တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးဆက်လက်ထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း

ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။နရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်

ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။