DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Daily weather forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ မေလ (၂၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်

တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်

နေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာ

စိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းတိုင်းဒေသကြီး၊

ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

နေရာကွက်ကျား မိုး ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
 
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ

ဆက်လက် ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။   နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်း

ရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။