DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း

ခဲ့ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်

မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်နှင့်

ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာစိပ်

စိပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း

ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်းတွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်၍

မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မော်လိုက်မြို့တွင် (၆.၆၉)လက်မ၊ ထီးလင်းမြို့တွင်

(၃.၉၀) လက်မ၊ကလေးဝမြို့တွင် (၃.၆၂)လက်မ၊ တွန်းဇံမြို့တွင် (၃.၀၇)လက်မ၊ မိုးမိတ်မြို့တွင်

(၁.၇၃)လက်မ၊  လောင်းလုံးမြို့တွင် (၁.၆၉) လက်မ၊ ဟင်္သာတမြို့နှင့် ပုသိမ်မြို့တို့တွင် (၁.၁၄)

လက်မစီတို့ ဖြစ်ကြပါသည်။   

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ

အားနည်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း

တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်

တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ကချင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့

အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်

ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း

တစ်လျှောက်တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။   နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။    နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။