DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက်မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ  ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ” (MONTHA)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင်ဘက်‌ ရေမိုင် ၃၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေ ပါသည်။

 

Earthquake News

နောက်ဆက်တွဲမြေငလျင်သတင်းများ
နောက်ဆက်တွဲမြေငလျင်သတင်းများ
မြေငလျင်သတင်း
မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၁၆:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၅၀)မိနစ်၊ (၅၀) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၈...
မြေငလျင်သတင်း
မြေငလျင်သတင်း   ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၉)မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၇) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (...
မြေငလျင်သတင်း
မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၂၁:၄၀ နာရီ အချိန်ထုတ်ပြန်ချက်)   ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁) နာရီ၊ (၂၈) မိနစ်၊ (၃၉) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်...

Pages