DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က သီရိလင်္ကာနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မန်နာပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့ သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၅း၄၅ နာရီအချိန် ထုတ်ပြန်ချက်)  

၂၀၁၆ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၂၆)မိနစ် (၀၀)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်-အရှေ့တောင်ဘက် (၁၃၅၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Southern Sumatra, Indonesia)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၆.၅)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။