DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၉-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၁း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၂၆)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှတောင်ဘက် (၇၇)မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင် (Near South Coast of Myanmar) မြောက်လတ္တီတွဒ် ၁၅.၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၂ ဒီဂရီ၊ အနက်(၈၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။