DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၆-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်နှင့် အနောက် ဘင်္ဂလားပြည်နယ်)ကမ်းရိုးတန်းတို့၌‌ ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေ ပါသည်။

 

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

    ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၄၀)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြိ့ု၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ)  မြောက်လတ္တီတွဒ် ၂၀.၃၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၀၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။