DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

(မြန်မာစံတော်ချိန် ၀၀း၁၅ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၅)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက်  (၆၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ-အိန္ဒိယ နယ်စပ်)  မြောက်လတ္တီတွဒ် (၂၃.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၈) ဒီဂရီ၊ အနက် (၅၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။