DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၂)မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂)မိုင်ခန့် ကွာဝေးသော မြန်မာ       နိုင်ငံပြည်တွင်း ‌( ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာ ) မြောက်လတ္တီတွဒ် (၂၅.၂၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၂) ဒီဂရီ၊ အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။