DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၅-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၂၂)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်- အရှေ့တောင်ဘက်  (၁၃၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းတပ်မြို့၏ တောင်- အနောက်တောင်ဘက်(၃၇)မိုင်ခန့်အကွာ)  မြောက်လတ္တီတွဒ် (၂၀.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၆) ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။