DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၁၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ(၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ(၅၂)မိနစ်(၄၉) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဂန့်ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက်(၁၇)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၉)ဒီဂရီ၊ အနက် (၁၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။