Saturday, November 9, 2019 - 12:00

မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၂၄)မိနစ်၊ (၀၉) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၂၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြင်းမူမြို့၏ အရှေ့မြောက်ဘက် (၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၇)ဒီဂရီ၊ အနက်(၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။

