DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော သီရိလင်္ကာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီ အတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၀း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၃)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက်() မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တမူးမြို့၏ တောင်ဘက် ()မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၂၉)ဒီဂရီ၊ အနက်(၅၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။