DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၀:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ(၁၀)မိနစ်(၁၉) စက္ကန့်အချိန်တွင် ‌နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၃)မိုင် ခန့်ကွာဝေးသော  မြန်မာနိုင်ငံပြည်တွင်း၊ (နေပြည်တော်၊ ဥတ္တရသီရိ၏ အနောက်- အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၈၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၄)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။