DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၁၁-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၈ : ၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀)နာရီ(၄)မိနစ်(၅၉) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၃)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၆၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၅)ဒီဂရီ၊ အနက်(၇၉)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။