DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၉-၄-၂၀၂၆: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၂း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ(၂၆)မိနစ်(၃၀) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အရှေ့ဘက်(၂၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရွှေကူမြို့၏ တောင်-အနောက်တောင်ဘက် (၃)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၁၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၉)ဒီဂရီ၊ အနက်(၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။