Sunday, May 24, 2020 - 00:30

(မြန်မာစံတော်ချိန် ၂၃း၅၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၃၅)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၉၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။