Sunday, June 14, 2020 - 09:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၉း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၀၉)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ဆွမ်ပရာဘွမ်မြို့၏ အနောက်မြောက်ဘက် (၂၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၇)ဒီဂရီ၊ အနက် (၂၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

