Friday, June 26, 2020 - 04:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၃း၅၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၃၅)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀၆၀)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Xizang, China)၊ မြောက်လတ္တီတွဒ် (၃၅.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၂.၄၂) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

