Tuesday, August 25, 2020 - 07:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၇း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၃၄) စက္ကန့်အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လွိုင်လင်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၀.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၆၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

